• ဗုဒ္ဓသာသနအန္တရာယ်ကာကွယ်ရေးတရားတော် - ခြောက်ထပ်ကြီးပဋ္ဌာန်းပွဲ - ၁၃၃၉ (၁/၁)
    Jan 10 2024

    ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ဗုဒ္ဓသာသနအန္တရာယ်ကာကွယ်ရေးတရားတော်ကို ၁၃၃၉-ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄-ရက်နေ့တွင် ရန်ကုန်မြို့၊ ခြောက်ထပ်ကြီးဘုရားကြီးတိုက်၊ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၌ များစွာသော ရဟန်းပရိသတ်တို့အား ဟောကြားတော်မူခဲ့ပါသည်။

    ဗုဒ္ဓသာသနအန္တရာယ်ကို ကာကွယ်စောင့်ရှောက်ချီးမြှောက်တော်မူသွားကြသော ပထမသင်္ဂီတိပုစ္ဆက ဖြစ်တော်မူသော အရှင်မဟာကဿပ၊ ဒုတိယသင်္ဂီတိပုစ္ဆက ဖြစ်တော်မူသော အရှင်ရေဝတ ရဟန္တမထေရ်မြတ်ကြီးတို့နှင့် အရှင်မဟာယသ၊ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ်ကြီးတို့ကဲ့သို့ ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည်လည်း ယခုအခါ မြန်မာပြည်တွင်း၌ ဗုဒ္ဓမြတ်စွာဘုရားရှင်ဟူသမျှတို့၏ အဆုံးအမတော်ဖြစ်သော ဩဝါဒပါတိမောက်တရားတော်ကို ‌ဗုဒ္ဓသာသနအန္တရာယ်ကာကွယ်ရေးတရားတော်ဟူသောအမည်ဖြင့် သံဃာတော် ၆၀၀-ကျော် သီတင်းသုံးလျက်ရှိသော ခြောက်ထပ်ကြီးဘုရားကြီးကျောင်းတိုက် မဟာသိမ်တော်ကြီး၌ ရဟန်းရှင်လူတို့အား ဟောကြားတော်မူခဲ့ပါသည်။

    • ၁၃၄၁-ခုနှစ်_ဗုဒ္ဓသာသနအန္တရာယ်ကာကွယ်ရေး တရားတော်_မဟာစည်ဆရာတော်
    • မဟာစည်တရားတော်များ ခေတ်အဆက်ဆက်တည်တံ့နေပုံ

    မဟာစည်တရားတော်များ ပြန့်ပွားရေးကုသိုလ်တော်ရယူနိုင်ရန် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း-၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉-၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်ပါသည်။

    Show More Show Less
    1 hr and 54 mins
  • ကောင်းခြင်းလေးဖြာ မင်္ဂလာတရားတော် (ဓမ္မတေးဝိဇ္ဇာမိသားစု) - ၁၃၃၉ (၁/၁)
    Jan 10 2024

    ကောင်းခြင်းလေးဖြာ မင်္ဂလာတရားတော်ကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ရန်ကုန်မြို့၊ သာသနာ့ရိပ်သာနှင့် အခြားကမ္မဋ္ဌာန်းဌာနအသီးသီးတွင် များစွာသော ရဟန်းရှင်လူတို့အား ဆောင်ပုဒ်များနှင့်တကွ ဟောကြားတော်မူခဲ့ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က မဟာစည်ဆရာတော်ကြီး မြသိန်းတန်ကျောင်း၊ ရန်ကုန် (ဓမ္မတေးဝိဇ္ဇာမိသားစု)တွင် ဟောကြားထားသည့် ကောင်းခြင်းလေးဖြာမင်္ဂလာတရားတော်ကိုသာ အသံဖိုင်မှတ်တမ်းအဖြစ် စုစည်းရရှိပါသည်။ အသံဖိုင်အားဖြင့် ၁-ဖိုင် ဖြစ်ပါသည်။

    ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက တရားတော်အစ၌ “ဒီကနေ့ဟောမည့် တရားကတော့ အဲဒီဆောင်ပုဒ်ပေးထားတဲ့အတိုင်း “ကောင်းခြင်းလေးဖြာ မင်္ဂလာတရားတော်” ဆိုတာကိုဟောဖို့ပါပဲ။ အလှူအတန်းဒါနတွေနဲ့ ပတ်သက်ပြီးတော့ ကောင်းခြင်းလေးဖြာ မင်္ဂလာတရားဆိုတာ အင်မတန် ဆီလျော်ပါတယ်။ တိုတိုကလေးနဲ့ ထိထိရောက်ရောက်လဲရှိပါတယ်။ ပြီးတော့ ကောင်းခြင်းလေးဖြာ မင်္ဂလာတရားတော်ဆိုတာက ဝိပဿနာတရားတွေလဲ ဒီအထဲအကုန်ပါနေတယ်။ အချိန်ရှိလို့ရှိယင်တော့ ဝိပဿနာဉာဏ်တွေ အစဉ်အတိုင်းဖြစ်ပြီးတော့ အရိယမဂ်ဖိုလ်ရောက်ပုံအလုံးစုံကိုဟောရမှာပဲ။ ဒါပေမယ့် ဒီကနေ့ည တညထဲနဲ့တော့ ဒီတရားကိုပြည့်ပြည့်စုံစုံ သိပ်မဟောနိုင်ဘူး။ နှစ်ညသုံးညလောက်ဟောမှ တော်ရုံရှိမယ်။” ဟူ၍ မိန့်ကြားထားပေသည်။

    • ၁၃၄၂-ခုနှစ်_ကောင်းခြင်းလေးဖြာမင်္ဂလာတရားတော်_အရှင်ကေလာသ
    • မဟာစည်တရားတော်များ ခေတ်အဆက်ဆက်တည်တံ့နေပုံ

    မဟာစည်တရားတော်များ ပြန့်ပွားရေးကုသိုလ်တော်ရယူနိုင်ရန် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း-၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉-၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်ပါသည်။

    Show More Show Less
    2 hrs and 8 mins
  • (နေ့စွဲမသိ) (ဝါမဆိုမှီ) အနာဂတဘယသုတ် (၃/၃)
    Jan 8 2024

    ကျေးဇူး‌တော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် အနာဂတဘယသုတ်တရားတော်ကြီးကို -

    ၁၃၃၃-ခုနှစ်၊ နတ်တော်လဆုတ် ၃-ရက် (၂၂) ကြိမ်မြောက် နှစ်ပတ်လည်သြဝါဒခံယူပူဇော်ပွဲ၌လည်းကောင်း၊ ၁၃၃၄-ခုနှစ်၊ နတ်တော်လဆုတ် ၄-ရက် (၂၃) ကြိမ်မြောက် နှစ်ပတ်လည်သြဝါဒခံယူပူဇော်ပွဲများ၌လည်းကောင်း၊ (ခုနှစ်မသိပါ) ရန်ကုန်မြို့သာသနာ့ရိပ်သာတွင် ဝါဆိုဝါကပ်မည့် သံဃာတော်များကို သြဝါဒမိန့်ကြားတော်မူရာတွင်လည်းကောင်း အသီးသီး ဟောကြားတော်မူခဲ့ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က ဤတရားတော်ကို အသံဖိုင်အားဖြင့် ၃-ဖိုင် စုစည်းရရှိပါသည်။

    ယခု Episode သည် (ခုနှစ်မသိပါ) ရန်ကုန်မြို့သာသနာ့ရိပ်သာတွင် ဝါဆိုဝါကပ်မည့် သံဃာတော်များကို ဟောကြားတော်မူသည့် အနာဂတဘယသုတ်တရားတော်ကြီး-၃ ဖြစ်ပါသည်။

    • ၁၃၈၁-ခုနှစ်၊ အနာဂတဘယသုတ်တရားတော်_မဟာစည်ဆရာတော်
    • မဟာစည်တရားတော်များ ခေတ်အဆက်ဆက်တည်တံ့နေပုံ

    မဟာစည်တရားတော်များ ပြန့်ပွားရေးကုသိုလ်တော်ရယူနိုင်ရန် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း-၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉-၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်ပါသည်။

    Show More Show Less
    1 hr and 9 mins
  • အနာဂတဘယသုတ် - ၂၃-ကြိမ်မြောက်ဩဝါဒခံယူပူဇော်ပွဲ - ၁၃၃၄ (၂/၃)
    Jan 8 2024

    ကျေးဇူး‌တော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် အနာဂတဘယသုတ်တရားတော်ကြီးကို -

    ၁၃၃၃-ခုနှစ်၊ နတ်တော်လဆုတ် ၃-ရက် (၂၂) ကြိမ်မြောက် နှစ်ပတ်လည်သြဝါဒခံယူပူဇော်ပွဲ၌လည်းကောင်း၊ ၁၃၃၄-ခုနှစ်၊ နတ်တော်လဆုတ် ၄-ရက် (၂၃) ကြိမ်မြောက် နှစ်ပတ်လည်သြဝါဒခံယူပူဇော်ပွဲများ၌လည်းကောင်း၊ (ခုနှစ်မသိပါ) ရန်ကုန်မြို့သာသနာ့ရိပ်သာတွင် ဝါဆိုဝါကပ်မည့် သံဃာတော်များကို သြဝါဒမိန့်ကြားတော်မူရာတွင်လည်းကောင်း အသီးသီး ဟောကြားတော်မူခဲ့ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က ဤတရားတော်ကို အသံဖိုင်အားဖြင့် ၃-ဖိုင် စုစည်းရရှိပါသည်။

    ယခု Episode သည် ၁၃၃၄-ခုနှစ်၊ နတ်တော်လဆုတ် ၄-ရက် (၂၃) ကြိမ်မြောက် နှစ်ပတ်လည်သြဝါဒခံယူပူဇော်ပွဲ၌ ဟောကြားတော်မူသည့် အနာဂတဘယသုတ်တရားတော်ကြီး ဖြစ်ပါသည်။

    • ၁၃၈၁-ခုနှစ်၊ အနာဂတဘယသုတ်တရားတော်_မဟာစည်ဆရာတော်
    • မဟာစည်တရားတော်များ ခေတ်အဆက်ဆက်တည်တံ့နေပုံ

    မဟာစည်တရားတော်များ ပြန့်ပွားရေးကုသိုလ်တော်ရယူနိုင်ရန် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း-၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉-၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်ပါသည်။

    Show More Show Less
    50 mins
  • အနာဂတဘယသုတ် - ၂၂-ကြိမ်မြောက်ဩဝါဒခံယူပူဇော်ပွဲ - ၁၃၃၃ (၁/၃)
    Jan 8 2024

    ကျေးဇူး‌တော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် အနာဂတဘယသုတ်တရားတော်ကြီးကို -

    ၁၃၃၃-ခုနှစ်၊ နတ်တော်လဆုတ် ၃-ရက် (၂၂) ကြိမ်မြောက် နှစ်ပတ်လည်သြဝါဒခံယူပူဇော်ပွဲ၌လည်းကောင်း၊ ၁၃၃၄-ခုနှစ်၊ နတ်တော်လဆုတ် ၄-ရက် (၂၃) ကြိမ်မြောက် နှစ်ပတ်လည်သြဝါဒခံယူပူဇော်ပွဲများ၌လည်းကောင်း၊ (ခုနှစ်မသိပါ) ရန်ကုန်မြို့သာသနာ့ရိပ်သာတွင် ဝါဆိုဝါကပ်မည့် သံဃာတော်များကို သြဝါဒမိန့်ကြားတော်မူရာတွင်လည်းကောင်း အသီးသီး ဟောကြားတော်မူခဲ့ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က ဤတရားတော်ကို အသံဖိုင်အားဖြင့် ၃-ဖိုင် စုစည်းရရှိပါသည်။

    ယခု Episode သည် ၁၃၃၃-ခုနှစ်၊ နတ်တော်လဆုတ် ၃-ရက် (၂၂) ကြိမ်မြောက် နှစ်ပတ်လည်သြဝါဒခံယူပူဇော်ပွဲ၌ ဟောကြားတော်မူသည့် အနာဂတဘယသုတ်တရားတော်ကြီး-၁ ဖြစ်ပါသည်။

    • ၁၃၈၁-ခုနှစ်၊ အနာဂတဘယသုတ်တရားတော်_မဟာစည်ဆရာတော်
    • မဟာစည်တရားတော်များ ခေတ်အဆက်ဆက်တည်တံ့နေပုံ

    မဟာစည်တရားတော်များ ပြန့်ပွားရေးကုသိုလ်တော်ရယူနိုင်ရန် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း-၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉-၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်ပါသည်။

    Show More Show Less
    1 hr and 17 mins
  • သံသရာဝဲသြဃမှ လွန်မြောက်ရေးတရားတော် - ဟေမဝတသုတ် နောက်ပိုင်း (၂) ဂါထာ
    Jan 8 2024

    ဤတရားတော်အစတွင် ဒကာတစ်ဦးမှ “၁၃၃၅-ခုနှစ်၊ ဝါဆိုလကွယ်နေ့တွင် ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ၌ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး သီလပေးပြီးနောက် ဟောကြားတော်မူသော တရားတော်ဖြစ်ပါသည်” ဟူ၍ အသံသွင်း၍ ဖော်ပြထား၏။ ယခုတရားတော်သည် ‌ဟေမဝတသုတ်-နောက်ပိုင်း ၂-ဂါထာဖြစ်ကြောင်းကို မဟာစည်ဆရာတော်ဘုရားကြီးက “ဟေမဝတသုတ်မှာ နောက်ပိုင်းက ၂-ဂါထာလောက် အရင်ကဟောတာ ကျန်သွားသလား အောက်မေ့လို့ ပြန်‌ဟောရမည်“ ဟူ၍ မိန့်ကြားထားပါသည်။ ဟေမဝတသုတ် နောက်ပိုင်း ၂-ဂါထာတရားတော်သည် ဩဃရေယာဉ်ကို ဘယ်လိုပုဂ္ဂိုလ် ကျော်လွန်သလဲ, ဘယ်လိုကျင့်မှ ဩဃလေးဖြာ သံသရာရေယာဉ်ကို ကျော်လွန်နိုင်သလဲ, သံသရာတည်းဟူသော ရေအိုင်ကြီးကို ဘယ်လိုကူးမြောက် ကျော်လွန်ပြီး သွားနိုင်သလဲလို့ ဟေမဝတနတ်က မြတ်စွာဘုရားကို မေးမြန်းလျှောက်ထားသည့် တရားတော်ဖြစ်ပါ၏။

    • မဟာစည်တရားတော်များ ခေတ်အဆက်ဆက်တည်တံ့နေပုံ

    မဟာစည်တရားတော်များ ပြန့်ပွားရေးကုသိုလ်တော်ရယူနိုင်ရန် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း-၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉-၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်ပါသည်။

    Show More Show Less
    1 hr and 3 mins
  • ဘဒ္ဒေကရတ္တသုတ်တရားတော် (ခြောက်ထပ်ကြီး) - ၁၃၄၀ (၂/၂)
    Jan 6 2024

    ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ဘဒ္ဒေကရတ္တသုတ်တရား‌တော်ကြီးကို ၁၃၄၀-ခုနှစ်၊ ဝါဆိုလဆန်း ၇-ရက် နှင့် ၈-ရက်နေ့ ညများတွင် ပျံလွန်တော်မူပြီးသော ရန်ကုန်မြို့၊ ခြောက်ထပ်ကြီးဘုရားကြီးတိုက် ဒုတိယနာယက အဂ္ဂမဟာပဏ္ဍိတ အရှင်အာစိဏ္ဏ ဈာပနဓမ္မပူဇာပွဲတွင် ၂-ညတိုင်တိုင် ‌ဟောကြားခဲ့ပါသည်။ ပထမနေ့ည တရားပွဲတွင် ပျံလွန်တော်မူပြီးသော ဆရာတော်ကြီး၏ ဂုဏ်ကျေးဇူးများ ပူဇော်ခြင်းတရားနှင့် မရဏနုဿတိတရား ပွားများနိုင်ရန် စတုရာရက္ခတရား ၄-ပါးကို တရားတော်၏ ရှေ့ပိုင်း ၃၀-မိနစ်တွင် ဟောကြားတော်မူပါသည်။ ထို့နောက်မှ မရဏသတိသေခြင်းတရားနှင့်စပ်၍ ဘဒ္ဒေကရတ္တသုတ်တရားတော်ကို ဟောကြားတော်မူပါသည်။ နောက်တစ်နေ့ည တရားပွဲ၌လည်း ဘဒ္ဒေကရတ္တသုတ်တရားတော်ကိုသာ ဆက်လက်ဟောကြားတော်မူခဲ့ပါသည်။ ယခု Episode သည် ၁၃၄၀-ခုနှစ်၊ ဝါဆိုလဆန်း ၈-ရက်နေ့တွင် ဟောကြားတော်မူသည့် ဘဒ္ဒေကရတ္တသုတ်တရားတော်-၁ ဖြစ်ပါသည်။

    • မဟာစည်တရားတော်များ ခေတ်အဆက်ဆက်တည်တံ့နေပုံ

    မဟာစည်တရားတော်များ ပြန့်ပွားရေးကုသိုလ်တော်ရယူနိုင်ရန် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း-၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉-၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်ပါသည်။

    Show More Show Less
    1 hr and 34 mins
  • ဘဒ္ဒေကရတ္တသုတ်တရားတော် (ခြောက်ထပ်ကြီး) - ၁၃၄၀ (၁/၂)
    Jan 6 2024

    ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ဘဒ္ဒေကရတ္တသုတ်တရား‌တော်ကြီးကို ၁၃၄၀-ခုနှစ်၊ ဝါဆိုလဆန်း ၇-ရက် နှင့် ၈-ရက်နေ့ ညများတွင် ပျံလွန်တော်မူပြီးသော ရန်ကုန်မြို့၊ ခြောက်ထပ်ကြီးဘုရားကြီးတိုက် ဒုတိယနာယက အဂ္ဂမဟာပဏ္ဍိတ အရှင်အာစိဏ္ဏ ဈာပနဓမ္မပူဇာပွဲတွင် ၂-ညတိုင်တိုင် ‌ဟောကြားခဲ့ပါသည်။ ပထမနေ့ည တရားပွဲတွင် ပျံလွန်တော်မူပြီးသော ဆရာတော်ကြီး၏ ဂုဏ်ကျေးဇူးများ ပူဇော်ခြင်းတရားနှင့် မရဏနုဿတိတရား ပွားများနိုင်ရန် စတုရာရက္ခတရား ၄-ပါးကို တရားတော်၏ ရှေ့ပိုင်း ၃၀-မိနစ်တွင် ဟောကြားတော်မူပါသည်။ ထို့နောက်မှ မရဏသတိသေခြင်းတရားနှင့်စပ်၍ ဘဒ္ဒေကရတ္တသုတ်တရားတော်ကို ဟောကြားတော်မူပါသည်။ နောက်တစ်နေ့ည တရားပွဲ၌လည်း ဘဒ္ဒေကရတ္တသုတ်တရားတော်ကိုသာ ဆက်လက်ဟောကြားတော်မူခဲ့ပါသည်။ ယခု Episode သည် ၁၃၄၀-ခုနှစ်၊ ဝါဆိုလဆန်း ၇-ရက်နေ့တွင် ဟောကြားတော်မူသည့် ဘဒ္ဒေကရတ္တသုတ်တရားတော်-၁ ဖြစ်ပါသည်။

    • မဟာစည်တရားတော်များ ခေတ်အဆက်ဆက်တည်တံ့နေပုံ

    မဟာစည်တရားတော်များ ပြန့်ပွားရေးကုသိုလ်တော်ရယူနိုင်ရန် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း-၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉-၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်ပါသည်။

    Show More Show Less
    1 hr and 43 mins